“သ” သုညလေးက
“လ” လလေးလို လုံးရင်းလုံးရင်း
“၀” ၀လုံးလေးဖြစ်လာတယ် ။

“၀” ၀လုံးလေးက
“ဂ” ဂငယ်ကွေ့မှာ
“စ” စက်ဝိုင်းကြီးလို လည်တယ်။

“စ” စက်ဝိုင်းကြီးက
“ဗ” ဗဟိုထဲမှာ
“ဘ” ဘဲဥလေးလို
“ခ” ခွမ်းကနဲ
“အ” အက်ကွဲသွားတယ် ။

သက်ထွေး
စက်တင်ဘာ ၂ ရက် နေ့လည် ၁၁း၁၁