ဒီကဗျာအကြောင်းကတော့ ပြောမယ်ဆိုရင် ပြောစရာအများကြီး။ နံပါတ်တစ်အချက်ကတော့ ဒီကဗျာက ကျွန်တော့်ရဲ့  ပထမဆုံး လေသံပြောင်းရေးတဲ့ ကဗျာဖြစ်ပါတယ်။ ကျွန်တော့်အကျင့်က မိန်းကလေး character base ခံထားတဲ့ စာ ဒါမှမဟုတ် ဇာတ်ကားတစ်ခုဆို ခံစားနိုင်စွမ်းအားနည်းတဲ့အတွက် မဖတ်ဖြစ် မကြည့်ဖြစ်တာက များပါတယ်။ ဒါပေမယ့် အခုတစ်ခေါက်ရေးရမယ့် theme က မိန်းကလေးတစ်ယောက်ရဲ့  ခံစာချက်ကို ၁၀၀% ဦးစားပေးပြီး ဖေါ်ပြမှ ရသမြောက်မယ့် theme မျိုးဆိုတော့  ယောကျာ်းလေး character တစ်ခုထွင် နောက် မိန်ကလေး chracter တစ်ခုတည်ဆောက်ပြီး အဲ့မိန်းကလေးကို အဲ့ယောကျာ်းလေးဘက်က မြင်ရတဲ့ ရှုထောင့်မျိုး ကျွန်တော်မရေးချင်ဘူး။ အဲဒါနဲ့ ယောကျာ်းလေးဘက်က မြင်တဲ့ မိန်းကလေးတစ်ယောက်မဟုတ်ဘဲ မိန်းကလေးဘက်ကမြင်တဲ့ မိန်းကလေးတစ်ယောက်ကို ဖန်တီးခဲ့တာပါပဲ။ ဒီကဗျာရေးတဲ့အခါ တတ်နိုင်သလောက် ကျွန်တော့် ယောကျာ်းလေးဘက်ကမြင်တဲ့ အထင်တွေကို character မိန်းကလေးပေါ်မှာ အရိပ်အရောင်လေးတစ်ခုတောင် မိုးကာမထားခဲ့ပါဘူး။ ဒီကဗျာမှာ မြင်တွေ့ ရမယ့်မိန်းကလေးက သူ့အတွေး သူ့ဘာသာစကားနဲ့ သူခံစားချက်တွေကို  ထုတ်ပြပါလိမ့်မယ်။

ဒီကဗျာကို မခိုင်စိုးလင်း ဦးစီးပြီးထုတ်တဲ့ “အပြာရောင်ဝန်ဆောင်မှု” ဆိုတဲ့ ebook အတွက်ရေးပေးထားခြင်းဖြစ်ပါတယ်။ တစ်ကယ့်ကို ကောင်းမွန် သေသပ်တဲ့ စာအုပ်ကောင်းတစ်ခုဖြစ်ပြီး ကျွန်တော့်ကဗျာထက် အဆပေါင်းများစွာကောင်းမွန်သော စာနှင့်ကဗျာများ ပါဝင်တာကြောင့် ဖတ်ဖြစ်အောင် ဖတ်ပါလို့ ညွှန်းဆိုလိုပါတယ်။ ဒေါင်းလို့ရနိုင်တဲ့လင့်ကတော့ ဒီမှာပါ။

http://www.mediafire.com/?2zmblq2hqocy4qt

—————————————-

ကျွန်မ
နောက်ပြန်လှည့်ကြည့်ဖို့
မကြိုးစားတော့ဘူး။
ရှင်သိလား
ခပ်ရှရှ ရယ်မောနေရတဲ့
လူတစ်ယောက်ရဲ့
မွိန္ပ်ပ် စိတ္နံရံမွာ
တခုတ္တရဆုပ္ကိုင္ထားတတ္တဲ့
စိတ်ကူးယဉ်နူးညံ့မှုတွေ
ခဏခဏ ဝင်တိုက်မှုဖြစ်ပွားတယ်ဆိုတာ။
ရှင်ဖြေ
အိပ်မက်တွေ
လင်းအောင်ညှိချင်တဲ့ ဘဝဆိုတာ
အကြွင်းမဲ့ ကြိုတင်ကြံစည်မှုလို့
အက်ကွဲစ မိုးသားတွေ
ပေကျံနေတဲ့
မျက်လုံးမျိုးနဲ့
ရှင်ဖြေ။
ကျွန်မ
အဓိပ္ပာယ်ကို
ဆံပင်အတိုဖြတ်သလို
စွန့်လွှတ်ခဲ့ဖူးတယ်။
ဆွံ့အဝါဒကို
အဖိတ်အစင်များလွန်းတဲ့
ကိလေသာလို
မွေးမြူခဲ့ဖူးတယ်။
ကျွန်မအတွက်
ချစ်ခြင်းမေတ္တာဆိုတာ
ဒိုင်ခွက်ထဲ ထည့်ဖျော်ထားခံရတဲ့
အပြင်းစား ယဉ်ပါးမှုပဲ ။
ကျွန်မနောက်ပြန်လှည့်ကြည့်ဖို့
မကြိုးစားတော့ဘူး။ ။

သက်ထွေး

ညနေ ၅နာရီ  မတ်လ ၈ရက် ၂၀၁၂