ဒီဇင်ဘာဟာ
လက်ကျန်ဆောင်းနဲ့ ..
မီးပုံပွဲနဲ့ ..
ခရစ္စမတ်ထရီးနဲ့ ..
ကောင့်ဒေါင်းနဲ့ ..
ဒါ ..
ထိုးသားတစ်ယောက်ရဲ့
နောက်ဆုံးမီးစာပဲ ..
ခြုံထားတဲ့ သားရဲကိုဆွဲတင်
ကိုယ့်နှင်းနဲ့ကိုယ် ရွှဲစိုပစ်လိုက်တယ် ..
ဒီဇင်ဘာဟာ ဒီဇင်ဘာပြန်ဖြစ်မလာတော့ဘူး …
သက်ထွေး
ဒီဇင်ဘာ ၃၁ရက် ည ၁၁း၄၇