ဓါးချင်းတူရင်တောင်
အသွားချင်းမတူဘူး။
ဒဏ်ရာနက်နက် မနက်နက်
သွေးကတော့ ထွက်မှာပဲ။
အသက်ရှူရကျပ်နေရင် ခဏရပ် …
စိတ်ကူးယဉ်လက်စတွေ သတ်လေကွယ်။
ဘ၀ဟာ ဆပ်ကပ် ..
ကြိုးတန်းပေါ် လမ်းလျှောက်ဖြတ်မယ်။
တွေ့လား ….
ရှေ့တိုး နောက်ဆုတ် …
ဟန်ချက်ညီမှ အလုပ်လုပ်တယ်။
မတော်လို့ ပြုတ်ကျသွားတယ်ထား …
ဖုတ်ဖတ်ခါထ ကိုယ့်ကိုယ်ကို သဘောကျလို့နေလိုက်။ ။
သက်ထွေး
အောက်တိုဘာ ၂၆ ၂၀၁၀ ညနေ ၃း၀၅