ဘ၀မှာ …
ဘယ်လောက်ထိ
မှားခွင့်ရှိလဲ
ဘယ်လောက်ထိရော
မှန်ခွင့်ရှိလဲ
ဘယ်လောက်ထိ
မှန်ခဲ့ဖူးပြီး
ဘယ်လောက်ထိ
မှားခဲ့ဖူးပြီလဲ။

ဘ၀မှာ …
ဘယ်လို
ပြုံးခဲ့ဖူးလဲ
ဘယ်လောက်ထိ
ပြုံးခဲ့ဖူးလဲ
(သေချာတာကတော့
ကျရှူံးအပြုံးမျိုး
ထပ်တလဲလဲ
သုံးခဲ့ဖူးတယ်)။

ဘ၀မှာ …
ဘာတွေ
ဘယ်လိုတွေ့တွေ့
ကိုယ့်ကိုယ်ကိုပဲ
မေ့ချင်နေတယ်
သံသရာ
တစ်ကွေ့ဟာ
ဘယ်လောက်များ
ဝေ့လဲ။

ဘ၀မှာ …
ဘာအတွက်လာပြီး
ဘယ်ဆီသွားမလဲ
(နှုတ်ဆက်ဖို့အတွက်လာတယ်
နှုတ်ဆက်ခြင်းဆီသွားမယ်)။

လန့်နိုးရတာခြင်း
အတူတူ
ဘ၀ဟာ
ဘယ်လို
အိပ်မက်ဆိုးလဲ ။ ။

သက်ထွေး
၂၀ စက်တင်ဘာ ၂၀၁၀ ညနေ ၄း၀၄