အိပ်မက်ထဲ
အိပ်မက်နဲ့ဆင်တာတွေ စစ်ဖယ်နေမိ …
ကိုယ့်ကိုကျောပေးထားတဲ့ စံပယ်ပွင့်လေးရေ ….
ကိုယ့်အပေါ်ပြေလျော့နေတဲ့ ဖဲကြိုးလေးရေ ….
ကိုယ့်ဆီ ငဲ့ကျဖူးခဲ့တဲ့ ရယ်သံလေးရေ ….
တံခါးဖွင့်ပါကွာ ..
ခြံဝမှာ
စိတ်များလွန်းနေတဲ့ နာကျင်မှုနဲ့
နစ်နစ်မျောမျော
ချောင်းဟန့်နေသူဟာ ကိုယ်ပါ ။ ။
သက်ထွေး
၁၇ အောက်တိုဘာ ၂၀၁၂ ည ၁၀း၄၈
ခင်ဗျားဘာသာဗေဒက ကျွန်တော်မြင်ရတဲ့ ဘာသာဗေဒ။
ဒါလေးကိုလည်းသဘောကျသဗျို့
ကိုသက်ထွေးရဲ့ ပရိတ်သတ်အခိုင်အမာတစ်ယောက် တိုးလာပြီပဲ။