လေကောင်းလေသန့်တွေ
တစ်ညလုံး ပြန်ဖတ်ဖြစ်တယ် …
သွေးရူးသွေးတန်း
လမ်းထလျှောက်ရအောင်
ခါးကြားထိုးထားတဲ့
နေသားကျမှုမှာ
ပျော်ရွှင်မှုတစ်စက်မှ မကျန်တော့ဘူး …
အတည်တကျချိန်းဆိုထားတာ
မရှိသေးသရွေ့
အလှမ်းကျဲနေချင်သေးတယ် …
ယောက်ယက်ခတ်နေတဲ့
နာရီလက်တံတွေကို
ဘာနဲ့ ဖောက်ခွဲပစ်ရမလဲ …
ပင့်သက်တွေက
သစ်စိမ်းချိုး ချိုးသူတို့ရဲ့
ဟန်ပန်အတိုင်း …
မှုန်ဝါးဝါး အာရုံငါးပါးဟာ
ဖျားနာနေပြီ …
ဖွာလက်စ
လျာထားချက်တွေ
စိတ်နံရံမှာ စွန်းထင်းလျက်သား
အရင်လို
မောကြီးပန်းကြီး
ရယ်နေမိတယ် …
ခပ်နွမ်းနွမ်း
ဇာတ်ရှိန်တွေ…
ရွှေ့ယူဖို့
အဆင်သင့်ဖြစ်နေခဲ့ပြီ ..
နှောင်ဖွဲ့မှုအပေါ်
တည်ဆောက်ပုံချင်း
အခန့်မသင့်တဲ့အခါ
သတိတရ
ကိုယ့်နာမည်ကိုယ်ပြန်မေးရင်း
မိုးလင်းသွားနိုင်တယ်
မဟုတ်လား …
တစ်ခါတစ်လေ
စိတ်ကို ဆိပ်နဲ့ ဆေး ရတယ်ဆိုတဲ့
ပေါ့ပျက်ပျက် ဖေါ်မြူလာတစ်ခုနဲ့
ခပ်ပါးပါးလေး ရေချိန်လွန်နေမိတယ် ။ ။
သက်ထွေး
ဒီဇင်ဘာ ၅ ရက် ၂၀၁၁ ည ၁၁း၄၇
ယောက်ယပ်ခက်နေတဲ့
နာရီလက်တံတွေကို
ဘာနဲ့ ဖေါက်ခွဲပစ်ရမလဲ
အရင်လို
မောကြီးပန်းပြီး
ရယ်နေမိတယ်
mite tal 😀
ခါးကြားထိုးထားတဲ့
နေသားကျမှုမှာ
ပျော်ရွှင်မှုတစ်စက်မှ မကျန်တော့ဘူး …
ခပ်နွမ်းနွမ်း
ဇာတ်ရှိန်တွေ…
ရွှေ့ယူဖို့
အဆင်သင့်ဖြစ်နေခဲ့ပြီ
အရင်လို
မောကြီးပန်းပြီး
ရယ်နေမိတယ် …
သဘောကျတယ်ဆရာ
အများကြီးးးးးးးးးးးးးးးးးမိုက်တယ်..
((((((((((((((((:
^^
btw,
sweet december to u
candy december to
chocolate december to u
blue berry december to u
ice-cream december to u
jelly december to u
a heeeeee 5 dec yauk nay pin mat wish chin lo wish thwer dar..
have a happy & peaceful year ahead (:
အရမ်းကောင်းတယ် သူကြီးရေ။ ဒီမှာ ကြယ်မရှိလို့ မပေးခဲ့လိုက်ဘူး။ ရှိရင်တော့ ၅ လုံးထားခဲ့တယ်ဗျာ။
နှောင်ဖွဲ့မှုအပေါ်
တည်ဆောက်ပုံချင်း
အခန့်မသင့်တဲ့အခါ
သတိတရ
ကိုယ့်နာမည်ကိုယ်ပြန်မေးရင်း
မိုးလင်းသွားနိုင်တယ်
မဟုတ်လား …
ဒုတိယအကြိမ် ရဲဆေးထပ်တင်လိုက်တယ်…သူကြီးရေ…
မိုက်တယ်..အားလုံးကို ကြိုက်တယ်..ဆိုတာထက်ကိုပိုကြိုက်တယ်…
လုပ်လိုက်ရင်အသစ်တွေချည်းပဲဗျာ…အဲဗားလေးစားလျက်ပါ။ 🙂
နှောင်ဖွဲ့မှုအပေါ်
တည်ဆောက်ပုံချင်း
အခန့်မသင့်တဲ့အခါ
သတိတရ
ကိုယ့်နာမည်ကိုယ်ပြန်မေးရင်း
မိုးလင်းသွားနိုင်တယ်
မဟုတ်လား …
တစ်ခါတစ်လေ
စိတ်ကို ဆိပ်နဲ့ ဆေး ရတယ်ဆိုတဲ့
ပေါ့ပျက်ပျက် ဖေါ်မြူလာတစ်ခုနဲ့
ခပ်ပါးပါးလေး ရေချိန်လွန်နေမိတယ် ။ ။
love it..:D
အင်းးးးး
ကောင်းလိုက်တာဗျာ ကဗျာကလည်း
နှောင်ဖွဲ့မှုအပေါ်
တည်ဆောက်ပုံချင်း
အခန့်မသင့်တဲ့အခါ
သတိတရ
ကိုယ့်နာမည်ကိုယ်ပြန်မေးရင်း
မိုးလင်းသွားနိုင်တယ်
မဟုတ်လား …
တစ်ခါတစ်လေ
စိတ်ကို ဆိပ်နဲ့ ဆေး ရတယ်ဆိုတဲ့
ပေါ့ပျက်ပျက် ဖေါ်မြူလာတစ်ခုနဲ့
ခပ်ပါးပါးလေး ရေချိန်လွန်နေမိတယ် ။ ။ အားလုံးကိုလေးစားလျက် 😀